Aranmanai 4 (2024)



Aranmanai 4 (2024)

ရှယ်ဇာတ်ကားသစ်ကြီး

ဒီတစ်ခါတော့ သရဲကားမျှော်နေကြတဲ့ B-Town ပရိသတ်တွေအတွက် မင်းသမီးချော နှစ်လက်ဖြစ်တဲ့ ရာရှီးခန်နာ နှင့် တမန်နားတို ပါဝင်သရုပ်ဆောင်ထားတဲ့ 2024ခုနစ်ထွက် Horror Comedy ဇာတ်လမ်းကောင်းလေး Aranmanai 4 နဲ့မိတ်ဆက်ပေးပါရစေ။

တစ်ခါတုန်းက ဘာ့ဂ်ဆိုတဲ့ အသွင်ပြောင်းမိစ္ဆာကိုနှိမ်နင်းနိုင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ်နဲ့ ရွာငယ်လေးတစ်ရွာမှာ နှစ်တိုင်း ပွဲတော်တစ်ခုကျင်းပလေ့ရှိတယ်။ ဒီပွဲတော်က ရွာထဲမှာရှိတဲ့လူတွေတင်မဟုတ်ဘဲ အဝေးကလာတဲ့ဧည့်သည်တွေနဲ့ပါ စည်ကားတဲ့ပွဲတော်တစ်ခုဆိုလည်း မမှားဘူးပေါ့။

"အသွင်ပြောင်းမိစ္ဆာက ရေထဲကဖြတ်လာတဲ့လူတွေကိုတိုက်ခိုက်ပြီး သူတိုအသွင်ပြောင်းပြီး သူတိုမိသားစုကိုပါဒုက္ခပေးတတ်တယ်။ ဒါပေမဲ့ အဲ့ဒီကောင်ကြီး အားနည်းနေချိန်မှာ သူတိုဝိညာဉ်ကိုချုပ်ထားလိုက်မယ်ဆိုရင် သူတိုက ငါတိုရဲ့အစေခံဖြစ်လာလိမ့်မယ်"

တစ်နေ့မှာ ပွဲတော်ကိုလည်ပတ်ကြည့်ရှုဖို တစ်ဖက်ရွာကနေ လှေနဲ့ရောက်လာတဲ့သားအဖနှစ်ယောက်မှာ သမီးဖြစ်သူကို ဘာ့ဂ်ကသတ်ပစ်လိုက်တော့ အဖေဖြစ်သူကလည်း အဲ့ဒီဘာ့ဂ်ရဲ့ဝိညာဉ်ကိုချုပ်နှောင်ပြီး သူ့သမီးနေရာကိုဝင်ယူပြီး ဟန်ဆောင်ခိုင်းခဲ့တယ်။

နောက်တော့ ပွဲတောင်ကျင်းပတဲ့ရွာမှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံလိုက်ရတယ်။ အဖေနဲ့အမေဖြစ်သူက မူမမှန်စွာသေဆုံးသွားပြီး သားဖြစ်သူကထူးထူးဆန်းဆန်းပြုမူနေတဲ့အပြင် သမီးဖြစ်သူကလည်း ကိုမာဝင်သွားတဲ့အခြေအနေဖြစ်သွားတဲ့အတွက် အမေဖြစ်သူရဲ့အစ်ကိုက ဒီသတင်းကိုကြားပြီးရောက်ချလာတယ်။

ညီမကိုသိပ်ချစ်တဲ့အစ်ကိုဖြစ်သူဆယ်ရာဗာနာကလည်း သူ့ညီမအကြောင်း အသေးစိတ်ကအစနားလည်ထားသူဖြစ်တဲ့အတွက် သူ့ညီမကသတ်သေသွားတာမဟုတ်ဘဲ အသတ်ခံရတာဖြစ်ကြောင်းသိသွားပြီး အမှန်တရားကို လိုက်လံရှာဖွေပါတော့တယ်။

ဆယ်ရာဗာနာတစ်ယောက် သူ့ညီမရဲ့သေဆုံးမှုနောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်ကို ဘယ်လိုရှာဖွေမလဲ။ ထူးဆန်းတဲ့ပွဲတော်နဲ့ အသွင်ပြောင်းမိစ္ဆာကရော ဒီကိစ္စတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ။ ချောက်ချားစရာဖြစ်ရပ်တွေရဲ့ဇစ်မြစ်ကိုရော ရှာဖွေနိုင်မှာလားဆိုတာကို ဟာသလေးနှောပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။