Code 8 Part II (2024)



Co@de 8 Pa@rt II (2024)

ဇာတ်လမ်းအကျဉ်းလင်ကွန်းမြိုမှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို နေရာရခဲ့ကြပေမဲ့သူတိုနေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီးရာဇဝတ်မှုတွေလည်း များလာပါတယ်။ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီးတစ်မြိုလုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြိုမှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယ!စ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံနေပြီးအဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက်ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာသူ့အပြစ်တွေကိုဝန်ခံပြီး ထော!င်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာသူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီးကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက်အသ!တ်ခံလိုက်ရပြီး သူ့ရဲ့ ညီမလေးဖြစ်သူကထွက်ပြေးရင်းနဲ့ ကွန်နာ့ဆီရောက်ပြီး စောင့်ရှောက်ထားလိုက်ရပါတယ်။အဲဒီမျက်မြင်သက်သေကောင်မလေးကိုနှုတ်ပိတ်ဖို ကြိုးစားနေတဲ့ ရဲတွေ နဲ့ ဂဲရက်ကိုကွန်နာတို ဘယ်လိုရင်ဆိုင်ကြသလိုဆိုတာဒီရုပ်ရှင်မှာတွေ့ရပါလိမ့်မယ်။