Conjuring Kannappan (2023)



Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ"
==============================
IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ်
တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်

Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲ

ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖိုအတွက် သူ့အမေက သူ့ကိုနှိးလို ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ တွဲချည်ထားတဲ့ dream catcher ကိုတွေ့ပါတယ်...

ဆရာသမားက အဲဒီ dream catcher က ငှက်မွေးအနီရောင်လေးကို မတော်တဆ ဖြုတ်မိသွားတဲ့အချိန် ... ရေတွင်းထဲက အသံတစ်ခုကြားလိုက်ရလို အလန့်တကြား လွှတ်ချလိုက်ပေမယ့် နောက်တစ်နေ့ သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အဲဒီပစ္စည်းလေး ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ် အဲဒီညက စလို ကန်နာတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်တွေကို စပြီး မက်ပါတယ်

အိမ်မက်ထဲက တစ္ဆေတွေဟာ လက်တွေ့ဘဝက အိမ်ကြီးထဲအထိ ရောက်လာခဲ့ပြီး သူတိုတစ်မိသားစုလုံးကို ဒုက္ခပေးပါတော့တယ် အဲဒီလို မတရားခြောက်နေတဲ့ နာနာဘာဝတွေရန်က တစ်မိသားစုလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို Comedy/Horror တို ထုံးစံ "အကြောက်" တစ်ခါ "အဖောက်" တစ်လှည့် ခံစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်