Despicable Me 4 (2024)



Despicable Me 4 (2024)

မိသားစုဝင် အသစ်ထပ်တိုးလာပြီဖြစ်တဲ့ ဂရူးတိုမိသားစုကို Trailer ထွက်တည်းက စိတ်ဝင်စားနေတဲ့ပရိတ်သတ်တိုအတွက် ဦးဦးဖျားဖျားရှုစားလိုရအောင် ဇွန်းတပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။

ဒီ 4 မှာက လူဆိုးနှိမ်နင်းရေးအဖွဲဝင်ဖြစ်သွားတဲ့ဂရူးက၊ သူ့ကျောင်းနေဖက်လူဆိုး ဇာတ်ကောင်သစ်မက်စီလယ်မော်လ်ကို ဖမ်းလိုက်ရာကနေ အစပျိုးထားပါတယ်။ အဖမ်းခံလိုက်ရတဲ့ မက်စီမော် မကျေနပ်ချက်တွေနဲ့ထောင်ကဖောက်ပြေးပြီး ဂရူးတိုကိုလက်စားချေဖိုလိုက်ရှာချိန်၊ မိသားစုနဲ့ဖြစ်နေတဲ့ဂရူးတိုက ဆင်ခြေဖုံးတစ်နေရာမှာ နာမည်ပြောင်းပြီးသွားရှောင်နေရပါတယ်။ ရှောင်နေတုန်း သားဖြစ်သူ ဂျူနီယာဂရူးနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဖြတ်သန်းမယ်ကြံထားခဲ့ပေးမဲ့….. နတ်ဆိုးကအနီးနားမှာတင်ရှိနေတဲ့အခါ….
ဂရူးတိုမိသားစုဘေးကင်းနိုင်ပါ့မလား….
မီနီယွန်ဇာတ်ကားလိုတောင်ခေါ်ရတဲ့ထိ အရေးပါတဲ့မီနီယွန်လေးတွေကရော ထုံးစံအတိုင်း ဘယ်လိုအရွန်းဖောက်ပြီး ကူညီမလဲဆိုတာတော့…. ကလေးသူငယ်မကျန် မိသားစုတွေနဲ့ပျော်ပျော်ပါးပါး အတူရှုစားကြည့်လိုက်ပါ။