Exit



ကောင်မလေးကိုပိုးပန်းရာမှ သဘာ၀ဘေးအန္တရာယ်ထဲကျရောက်သွားတဲ့ လူပျိုကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ
တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ…
အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက်
အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး
အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့
ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့
ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး
အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ….
 
တစ်ရက်မှာတော့ ယောင်နမ်တို အမေ ရဲ့ မွေးနေ့ အဖြစ်
ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်
အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ  ဆိုတဲ့ ယောင်နမ် နဲ့ အရင်ကတောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော..ပျော်ရမယ် မကြံရသေးပါဘူး…
ယောင်နမ်တို ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့
သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်…