Hacksaw Ridge (2016)



Hacksaw Ridge (2016)
-----------------------------------

IMDB  (8.1/10)

စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်..စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ

စစ်သားလုပ်တယ်၊ သေနတ်မကိုင်ချင်ဘူးဆိုတော့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူးပေါ့..သိုသော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်..ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်

သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ်၊ အားပေးမှုတွေလုပ်မယ်၊ ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ

စွဲချက်တွေက စစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ..ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့ စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ်

သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ်သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ (Medal of Honor)ဆုကိုရသွားတယ်