Hostage: Missing Celebrity



ကိုရီးယားရဲ့နာမည်ကျော်မင်းသားကြီး Jung-min Hwang အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကြီးလာပါပြီ… ဒီဇာတ်ကားကြီးဟာ အခု Korean Box Office မှာ Sinkhole ကိုကျော်ပီး No.1 တောင်ရောက်နေပါတယ်…
ဒီကားထဲမှာလည်း နာမည်ကြီးမင်းသားအဖြစ်သရုပ်ဆောင်ထားပါတယ်…
သူဟာ ရုပ်ရှင် အစမ်းပြသပွဲတစ်ခုကနေ ပြန်လာပြီး လူရမ်းကား သုံးယောက်ရဲ့ ပြန်ပေးဆွဲခြင််းကို ခံလိုက်ရပါတယ် ။
ဖြစ်ချင်တော့ ထိုလူတွေက အဖွဲလိုက် ပြန်ပေးဆွဲ လူသတ်မှုကို ကျူးလွန်နေတဲ့ ရာဇဝတ်သားတွေ ဖြစ်နေခဲ့ပါတယ်..
တကယ့်လက်ရဲဇက်ရဲ ကောင်တွေ ပြန်ပေးဆွဲထားပြီး အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အခြေအနေမှာ ကူကယ်ရာမဲ့နေတဲ့ မင်းသားကြီးဟာ ဘယ်လို ရုန်းထွက်မလဲဆိုတာကိုတော့….. နင်းကန်လန်းတဲ့ ကားကြီးဖြစ်လို လက်မလွှတ်သင့်ပါကြောင်း…

Hostage: Missing Celebrity