Ivanna



Ivanna (2022)

ခေါင်းပြတ်သရဲမဇာတ်ကား

မိဘတွေသေဆုံးသွားပြီးနောက်မှာ အမ်ဘာနဲ့ဒီကာ မောင်နှမနှစ်ယောက်ဟာ သူတိုအဘွားရဲ့မိတ်ဆွေတစ်ယောက် တည်ထောင်ထားတဲ့ လူအိုရုံသဘောမျိုး အသက်ကြီးသူတွေရဲ့အသိုက်အဝန်းလေးမှာ သွားရောက်နေထိုင်ရပါတယ်။ အချင်းချင်းနွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်အေးချမ်းနေတဲ့ သူတိုဘဝလေးထဲကို ပိတ်ထားတဲ့ဂိုထောင်တစ်လုံးရဲ့ မြေအောက်ခန်းထဲကပစ္စည်းတချိုကို အိမ်ပေါ်သယ်လာမိတဲ့အချိန်မှာပဲ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ အမ်ဘာက မျက်စိအားနည်းသူဖြစ်ပြီး မကန်းရုံတမယ် ဝိုးတိုးဝါးတားသာမြင်နိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ မျက်စိခွဲစိတ်မှုကြောင့် သာမန်လူတွေမမြင်ရတဲ့အရာတွေကို မြင်နိုင်သူဖြစ်ပြီး ဒီအချက်ကပဲ ဇာတ်လမ်းတစ်ခုလုံးကို ရုပ်လုံးပေါ်လာစေပါတယ်။ အရာအားလုံးရဲ့အစကဘာလဲ သူတိုဆီဝင်လာတဲ့ဂြိုဟ်ဆိုးက ဘယ်သူလဲဆိုတာ‌ကိုတော့ အမ်ဘာနဲ့အတူတူပဲ လိုက်လံကြည့်ရှုရင်း စောင်လေးခြုံရင်း သရဲ‌ကားကောင်းလေးတစ်ကား ခံစားကြည့်ကြပါဦးနော်