KILL (2024)
( ရထားပေါ်က သတ်ပွဲ)
မြိုမှာ အာဏာရှိပုဂ္ဂိုလ်တစ်ဦးရဲ့ သမီးဖြစ်သူ တူလီကာနဲ့ စစ်သားကွန်မန်ဒို အာမစ်တိုဟာ မိဘတွေလက်မခံသေးလိုကြိတ်ချစ်နေကြတဲ့သူတိုအတွဲ ခြားထားတဲ့စည်းကိုကျော်ဖြတ်ဖို ဒေလီမှာဆုံကြမယ်ဆိုပြီး ကိုယ်စီရထားစီးထွက်လာခဲ့ကြပါတယ်။ တူလီကာရဲ့ ရင်ခုန်စရာရထားခရီးစဉ်ကို ရင်ဖိုစရာအဖြစ်ပြောင်းလိုက်သူတွေက…..ဘာအတွက်မဆိုလက်ရဲတဲ့ ရထားဓားပြတွေပဲဖြစ်ပါတယ်။ ဓားပြခေါင်းဆောင် ဖာနီဟာ သွားမထိသင့်တဲ့တူလီကာတိုမိသားစုနဲ့ ပတ်သတ်မိချိန်…..
ဓားပြတိုပြေးပေါက်လွတ်ပါ့မလား၊ ကွန်မန်ဒိုဉာဉ်အပြည့်နဲ့ အာမစ်ရဲ့ ပြန်လည်တုံပြန်မှုတွေက သွေးသံတရဲရဲအားရစရာ၊ ဓားပြတွေရဲ့လက်ရဲဇက်ရဲပုံကလည်းကြောက်စရာ ဒီဇာတ်ကားကြည့်ရင်းခံစားချက်တွေ ရိုလာကိုစတာလိုနိမ့်ချေ မြင့်ချေနဲ့ တိုက်ခိုက်ပုံတွေကလည်း လက်တွေ့ကျတာမို ကြည့်ရကျိုးနပ်မယ့်ကားဆိုတာ အာမခံပါတယ်