master 2016



ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့
စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။
ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့
ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ
ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။
တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့်
ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖိုအတွက် ရောက်လာခဲ့တယ်။
ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့
အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။

သားကိုကယ်ဖိုအတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို
အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက်
သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖိုဖြစ်လာခဲ့တယ်။
ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။
ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား……