Next Gen ( 2018 )



Next Gen ( 2018 )
==============

မေ ဆိုတဲ့ကောင်မလေးဟာ သူငယ်ငယ်ကတည်းက အဖေနဲ့အမေ ကွဲသွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်ပြီး အဖေကိုလွမ်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။အမေဖြစ်သူကလည်း ယောကျ်ားနဲ့ကွဲကွာသွားပြီတဲ့နောက် စက်ရုပ်တွေက သူ့အတွက်စိတ်ထွက်ပေါက်လို ခံယူခဲ့ပြီး သမီးထက် စက်ရုပ်တွေကိုပိုအလေးပေးခဲ့ပါတယ်။မေ က ဒီအချက်တွေကြောင့် စက်ရုပ်တွေကို စိတ်နာမုန်းတီးနေပြီး စက်ရုပ်တွေအပေါ်အရမ်းအားကိုးအားထားပြုလွန်းတဲ့ လူတွေကိုအလိုလိုမုန်းတီးနေခဲ့တာပါ။ တစ်ဖက်မှာလည်း Gen 6 Q-Bots စက်ရုပ်တွေကလူတိုင်းမရှိမဖြစ် လိုချင်တဲ့အိမ်သုံးစက်ရုပ်လေးတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီစက်ရုပ်တွေကို တီထွင်သူကတော့ ဒေါက်တာတန်နာရိုက်စ်ဖြစ်ပြီး သူဟာ ဒီ Gen 6စက်ရုပ်တွေကို အလွဲသုံးစားလုပ်မယ့် CEO ကြီး ဂျက်စတင်ပင်ရဲ့အန္တရာယ်ကိုသိရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲ သူက Q-Bots တွေထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တိတ်တခိုးဖန်တီးခဲ့ပြီး အဲ့ဒီစက်ရုပ်နဲ့ မေ တို အမှတ်မထင်တွေ့ဆုံသွားတဲ့အခါ…..ဘာတွေဆက်ဖြစ်ကြမလဲ၊ဂျက်စတင်ပင်ရဲ့ အစီအစဉ်ကဘယ်လိုလဲအပြင် ဒေါက်တာရိုက်စ်ရဲ့ စက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲ