Teenage Mutant Ninja Turtles: Mutant Mayhem (2023)



Teenage Mutant Ninja Turtles: Mutant Mayhem (2023)

~ IMDb - 7.5/10, Rotten Tomatoes - 97% ~

2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။

တိရစ္ဆာန်တွေကိုစမ်းသပ်ပြီး သန္ဓေပြောင်းစစ်တပ်တစ်ခုဖန်တီးချင်တဲ့အဖွဲတစ်ဖွဲကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကိုခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲကျသွားရာကနေ ဆရာကြွက်တို လိပ်နင်ဂျာလေးဖော်တို ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက်ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတိုကို လူတွေလက်ခံအောင် သူရဲကောင်းဖြစ်ဖို ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။