The Caller (2024)



Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး
တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။
ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့
ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။

ဇာတ်လမ်းအညွှန်းလေးကတော့
လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့်
ယောက်ျားနဲ့ကွာရှင်းဖိုလျှောက်ထားပြီး ရှောင်ရင်းနဲ့
နယ်မြိုလေးတစ်မြိုမှာ အိမ်ပြောင်းနေခဲ့ပါတယ် ။
သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။
ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့
သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ
စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။

မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့
အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက
လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။
ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း
သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့
အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက
သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့
၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။

ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့
မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌
နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို
စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။