The childe



The childe
----------------------

ဒီကားထဲမှာဆိုရင်တော့ Seon ho ကို ပုံမှန်တွေ့နေကြပုံစံမဟုတ်တဲ့ ခပ်မိုက်မိုက်ဗီလိန်တစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

ကိုရီးယားအမေရိကန်ကပြားတစ်ယောက်ဖြစ်တဲ့ လက်‌ဝှေ့သမား မာရိုကို(Kang Tae Joo) က သူ့အဖေကို ရှာနေခဲ့တာပဲဖြစ်ပါတယ်။

တစ်နေ့မှာ သူ့အဖေကလည်း သူ့ကိုရှာနေကြောင်း အဆက်အသွယ်ရပြီးနောက် သူ့အဖေနဲ့ တွေ့ဖို ကိုရီးယားကိုသွားခဲ့ပါတယ်။

ကိုရီးယားကို အဖေနဲ့တွေ့ဖိုသွားခဲ့တဲ့ မာရိုကိုက လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာ မထင်ထားရတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရပါတော့တယ်။

မာရိုကို ဆုံတွေ့ခဲ့တဲ့သူက ဘယ်သူလဲ။ ဘယ်သူတွေက သူ့ကိုအန္တရာယ်ပေးချင်နေတာလဲ။မာရိုကိုတစ်ယောက် အန္တရာယ်က လွတ်မြောက်ပြီး သူ့အဖေနဲ့တွေ့ဆုံနိုင်ပါ့မလားဆိုတာကိုတော့ လျှိဝှက်ချက်ပေါင်းများစွာနဲ့ ဒီဇာတ်ကားထဲမှာ အဆုံးအထိစိတ်ဝင်တစား စောင့်ကြည့်ပေးကြပါဦးနော်။