The Convert (2023)



The Convert

မင်းသား နစ်ကလက်ကေ့ဂျ်ရဲ့ နာမည်ကျော် ရုပ်ရှင် Next ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ လက်ရာရုပ်ရှင်ကောင်းအသစ်ဖြစ်ပါတယ်။မင်းသားကတော့ Memento တို L.A. Confidential တိုထဲက
Guy Pearce ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့သမိုင်းနောက်ခံ အက်ရှင် ဒရာမာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
သွေးဆာတဲ့ စစ်သားဘဝကနေ တရားရပြီး တရားဟောဆရာဖြစ်လာတဲ့ မွန်ရိုးဟာ ၁၈၃၀ ဗြိတိသျှ နယ်မြေသစ်တစ်ခုကို တရားဟောဆရာအဖြစ်ရောက်လာပါတယ်။အဲဒီမြေမှာ နေကြတဲ့ မော်ရီမျိုးနွယ်စုတွေက အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြပြီး လူသားစားတဲ့အဆင့်အထိပါကြမ်းကြုတ်ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေကြားထဲမှာငြိမ်းချမ်းရေးရအောင် ကြိုးစားရတဲ့ တရားဟောဆရာအဖြစ်ပါဝင်ထားတာပါပဲ။ တရားဘယ်လိုမှ ချမရတဲ့ကောင်တွေကိုနားရင်းချမှရမယ်ဆိုတာ ပြသသွားတဲ့ကားလည်းဖြစ်ပါတယ်။ကြည့်လိုက်ကြပါဦး။