The Dragon Nine (2022)



The Dra-gon Ni-ne (2022)

နဂါးသားတော်ကိုးပါး

နဂါးကာကွယ်တဲ့မိသားစုရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ယိဖန် ဟာ မတော်တဆ
နဂါးမိသားစုရဲ့စောင့်ရှောက်ပစ္စည်းဖြစ်တဲ့ ကျိုလုံ ပုလဲကိုမျိုချလိုက်မိပါတယ်။ အဲလိုမျိုချလိုက်မိတဲ့အတွက် အံဩဖွယ်ကောင်းလောက်အောင် နဂါးသားတော် ကိုးယောက်ကိုမွေးဖွားခဲ့တော့တယ်။ ထိုသားကိုးယောက်ကလည်း မတူညီတဲ့စကားတွေပြောဆိုကြတယ်တဲ့။ ရှေးစကားတွေအရတော့ နဂါးသားတော်ကိုးယောက်ရဲ့‌အသွေးအသားကိုပေါင်းစပ်လိုက်ရင် ထာဝရရှင်သန်နိုင်မဲ့စွမ်းအားကိုရရှိလိမ့်မယ် လို ပြောကြတဲ့အခါမှာတော့ ထိုနဂါးသားတော်ကိုးယောက်ကို နတ်ဆိုး‌ တွေကမရမကလိုချင်တော့‌တာပေါ့။ သားတော်ကိုးယောက်ဟာ အန္တရာယ်တွေကိုဖြတ်ကျော်ပြီးအခက်အခဲတွေကြားရုန်းကန်ကာ နောက်ဆုံးမှာရော နတ်ဆိုးတွေထံမှာလွတ်မြောက်နိုင်ပါ့မလား။ အခက်အခဲတွေကြားရုန်းကန်နေတဲ့အချိန်မှာပဲ နဂါးသားတော်ကိုးယောက်ရဲ့ကိုယ်တွင်းနစ်မြှပ်နေတဲ့စွမ်းအားတွေပေါ်ထွန်းလာတဲ့အခါမှာတော့ ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်