The Origin Of The Legend of Meng Po 2024



လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး
ပြန်လည်ဝင်စားဖိုအတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး
မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့
တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လိုထင်ပါတယ် ။

ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက
ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့
ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။

သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက်
သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖိုလုပ်ဆောင်ရပါတယ် ။
သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊
အစွဲအလမ်းတွေရှိလို ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့
မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ
မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြိုတော်မှာ
နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။

ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ
မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြိုတော်တံခါးကိုဖွင့်ပြီး
အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို
မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖိုလုပ်ဆောင်ရပြန်တယ် ။

မထင်မှတ်ထားတာကတော့ ဝမ့်မြိုမှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိးလော်ဟာ
ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။
တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြိုတော်ကိုရောက်ရှိနေပါသေးတယ် ။
ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ?
အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိးလော်ကြားက
ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို
ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို တိုက်တွန်းလိုက်ပါရစေ ။