The Peanuts Movie



The Peanuts Movie

The peanuts ဆိုရင်ပြေးမြင်ကြတဲ့ စနူပီနဲ့ မအူမလည်ချာလီတိုရဲ့ကားကို
ညီမလေး မြတ်ကဘာသာပြန်ပေးလိုက်ပါပြီ။ချာလီဘရောင်း၊ စနူပီ၊ လူစီ၊ လိုင်းနပ်စ့် နဲ့ကျန်တဲ့ချစ်လှစွာသော “Peanuts” ဂိုဏ်သားတွေကတော့ သူတိုကိုမမြင်တွေ့ရဖူးတဲ့ 3D စခရမ်ပေါ်မှာပေါ်လာခဲ့ကြပါပြီ။ ချာလီဘရောင်းနဲ့သူ့ရဲ့ အချစ်ရဆုံးသောခွေးကလေး စနူပီတိုနှစ်ယောက်အကြောင်း။ သူရဲကောင်းဆန်တဲ့စွန့်စားခန်းတွေနဲ့လေယာဉ်မောင်းပြီး လေသူူရဲနီ နဲ့စိတ်ကူးယဉ်စာရေးရင်း ကောင်းကင်တိုက်ပွဲဝင်တဲ့၊ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချစ်စရာအိမ်မွေးခွေးလေးစနူပီနဲ့ ကောင်မလေးကိုကြွေပြီး ပျားတုတ်နေတဲ့ ချာလီတိုရဲ့ ခေတ်ဟောင်း ကာရိုက်တာကို ဒီနေ့ခေတ်မှာပြန်လည်တူးဆွပြထားပါတယ်။
ရုပ်ရှင်ရဲ့အဓိကကျောရိုးကတော့
ချာလီက သူတိုအိမ်နားကိုအသစ်ပြောင်းလာတဲ့
ဆံပင်အနီရောင်နဲ့ကောင်မလေးကိုခိုက်သွားပါတယ်။ ဒါပေမဲ့ ကောင်မလေး အထင်ကြီးဖို သူူကြိုးစားသမျှတိုင်းက ထုံးစံအတိုင်း စောကြည်ဖြူဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တိုဇာတ်လိုက်ကျော်ကြီး ချာလီတစ်ယောက် စာမေးပွဲမှာအမှတ်ပြည့်ရပြီး ကျောင်းရဲ့ဂုဏ်ထူးဆောင်ချီးမြှင့်ခံရပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီအမှတ်စာရင်းကမှားနေမှန်းသိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့အောင်ပွဲခံဇာတ်လမ်းဟာ ဆုပ်လည်းစူးစားလည်းရူးတဲ့ ကြောင်သူတော်ဘဝရောက်ရတော့တာပါပဲ။ ဒီလိုအခြေအနေကိုချာလီဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာနဲ့ ..အရင်အတိုင်း မူရင်းအရသာမပြောင်းတဲ့ အရင်လိုတလွဲတွေလုပ်နေတဲ့ ချာလီဘရောင်းနဲ့ ဘေးနားကလူစီ လိုင်းနပ်စ် တိုကိုလည်းတွေ့ရမှာပါ။အိမ်မှာတီဗွီကလာတိုင်းကြည့်ခဲ့ရတဲ့ ငပိန်းချာလီဘရောင်းနဲ့ ခွေးလေးစနူပီတိုကိုသိရင် ဒီကားကိုအရမ်းကြိုက်ကြမှာပါ။ ထွက်ပ