The Tiger (2015)
Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင်နာမည်ကြီး ဇာတ်ပိုဇာတ်ရံတွေ များစွာပါဝင်တဲ့
The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့
ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ်အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ်
အမဲလိုက်ခွင့် မပေးဘဲ သူတို ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။
သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို ကျက်စားရာဖြစ်တဲ့
ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ဂျီရီတောင်က
တောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။
ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီး
ဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံး
သေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကို
တောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို တွန်းအားပေးလာပါတော့တယ်။
တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို ထိပ်တိုက်တွေ့ကြရာမှာဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။