The Tiger's Apprentice (2024)



The Tiger's Apprentice (2024)

~ IMDb - 7.2/10

EEAaO နဲ့ အော်စကာရခဲ့တဲ့  မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်ရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တိုလို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့  အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ Raman Huiက ရိုက်ထားတယ်။ ပါရာမောင့်က ထုတ်လုပ်ဖြန့်ချီပေးထားပါတယ်။

နူဝါဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့စွမ်းအားကိုသုံးပြီး လူသားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီဇာမဏီရဲ့ စွမ်းအားဟာ ကောင်းတဲ့လူလက်ထဲရောက်ရင် ဖန်တီးနိုင်စွမ်းရှိပေမဲ့ မကောင်းတဲ့လူလက်ထဲရောက်ရင် ဖျက်ဆီးနိုင်စွမ်းကြီးတယ်။