The Twins Effect II (Vampire Effect 2)



The Twins Effect II (Vampire Effect 2) (2004)

ဇာတ်ကြောင်းကတော့ယောကျ်ားတွေကိုစိတ်နာနေတဲ့အမေဇုန်ပြည်ဘုရင်မကြီးဟာအာဏာရောမှော်အစွမ်းတွေပါ သုံးပြီးတိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ယောကျ်ားတွေကိုငွေဝယ်ကျွန်လိုရောင်းဝယ်ဖောက်ကားကြပြီး မိန်းမတွေကပြားပြားဝပ်ဖိနှိပ်ထားတဲ့တိုင်းပြည်တစ်ခုပေါ့။ဒီလိုမျိုးအစွန်းရောက်နေတဲ့ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့တစ်ခုတည်းသော နည်းကတော့ကြယ်တာရာသူရဲကောင်းတစ်ဦးကExcaliburဓါးနဲ့အတူဘုရင်မကြီးကိုသတ်ပစ်ရမှာပါ။သူ့ကိုချေမှုန်းနိုင်မယ့်သူရှိတာသိနေတဲ့ဘုရင်မကတိုင်းပြည်ထဲကယောကျ်ားမှန်သမျှလိုက်ဖမ်းပြီး သူရဲကောင်းအလောင်းအလျာကိုရှာဖွေနေခဲ့တာပါ။ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်သူရဲကောင်းက လွတ်မြောက်နေပြီးနောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။သူရဲကောင်းက ဘယ်သူဖြစ်မလဲ၊သူတိုရဲ့ဓါးရှာပုံတော်ကဘယ်လိုတွေဖြစ်ခဲ့လဲဘုရင်မနဲ့တိုက်ပွဲမှာဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။