Ultraman: Rising (2024)
ကျွန်တော်တိုရဲ့ ငယ်ဘဝ
စူပါဟီးရိုး Ultraman animated ဇာတ်ကားပဲ
ဖြစ်ပါတယ်။ ကျွန်တော်တိုရဲ့ ငယ်ဘဝ Ultraman ကို
မြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲ
လူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို
ဒါက ကလေးကားလိုတောင် မခေါ်နိုင်ပါဘူး။
ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့
ကျွန်တော်တိုရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေ
အရင် Ultraman နေရာကို ဝင်ဖိုအတွက် သူ ဘေ့စ်ဘောနဲ့
အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည်
ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့
အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘော
ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေ
ပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါ
ရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြား
ရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လို
ဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရော
ဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကို
အရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ငယ်ငယ်က nostalgic feeling လေးပြန်ရဖို ကြည့်လိုက်
ကြရအောင်နော်….