Under the Boardwalk (2023)



Under the Boardwalk (2023)

~ IMDb - 7.3/10, Rotten Tomatoes - 90% ~

ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တိုရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့  နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။

ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး‌ လောကကြီးကို ရင်ဆိုင်ရဲဖို ဘာညာ ပညာပေးမက်ဆေ့နည်းနည်းထည့်ပြီး ရိုမီရို ဂျူးလိယက်ဇာတ်ကို အသက်သွင်းထားပါတယ်။ ဒီလိုဆိုလို ပျင်းစရာကောင်းမယ်လည်း မထင်ပါနဲ့။ ဟာသတွေလည်း ဖောဖောသီသီထည့်ပြီး ကြည့်ရှုသူကို ဆွဲဆောင်ထားတယ်။ Rotten Tomatoes - 90% ရထားတာမို ပေါ့သေးသေးကားတော့ မဟုတ်ပြန်ပါဘူး။