White Fox Love Affair 2023



White Fox Love Affair 2023

အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မိစ္ဆာမျိုးနွယ်ကိုအခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ....
ဝူရှန်းဂိုဏ်းမှာ ဖန်တီးထားတဲ့မိစ္ဆာသန့်စင်ဓာတ်လုံးကို မြေခွေးမိစ္ဆာ
ညီအစ်မနှစ်ယောက်ခိုးယူရင်း အစ်မဖြစ်သူ ပိုင်စူးစူးက မတော်တဆ စုပ်ယူလိုက်မိသွားခဲ့တယ်...

ဓာတ်လုံးရဲ့တန်ပြန်မှုကြောင့် အရာအားလုံးကိုမေ့ပြီးဝူရှန်းတောင်အောက်က
ဝူယိုးရွှာငယ်လေးက စိတ်ထားဖြူစင်တဲ့သမားတော်လေး
ဟယ်အန်းရှန်းက ကယ်တင်ခြင်းကိုခံခဲ့ရတယ်....

ဟယ်အန်းရှန်းကတော့ ကျင့်စဥ်တွေကိုစိတ်ဝင်စားတတ်ပြီး သတ္တဝါအားလုံးကို
ကယ်တင်တတ်တဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေးတစ်ယောက်ပေါ့...
အရာအားလုံးကိုမေ့နေတဲ့ မြေခွေးမိစ္ဆာမလေး ပိုင်စူးစူး နဲ့
စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းတို
လူနဲ့ မိစ္ဆာအတူမနေရ သတ်မှတ်ထားတဲ့ လောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်ကြမလဲ......

မိစ္ဆာသန့်စင်ဓာတ်လုံးကြောင့် အတိတ်မေ့တာကရောပျောက်ကင်းသွားမှာလား....
မိစ္ဆာသန့်စင်ဓာတ်လုံးပျောက်ဆုံးသွားတဲ့
ဂိုဏ်းတွေကြားကရှုပ်ထွေးမှုတွေရောဘယ်လိုဖြေရှင်းကြမလဲဆိုတာ....
ချစ်ခြင်းမုန်းခြင်းတွေကြား လိုက်ပါစီးမြောပေးကြပါဦးနော်