World War Z (2013)



World War Z (2013)

2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တိုလို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်…
၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့….မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ
အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက်
ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်..