Alien: Covenant



Alien: Covenant (2017)
၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲသားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လိုဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။နောက်တော့ ယာဉ်ပျံပေါ်က လူတချိုက ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီးအဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီးနောက်ဆုံးမှာ ဂြိုဟ်သား ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။နောက် တော့ ရောဂါကူးစက်ခံရသူတွေ ဆီကနေ ဂြိုဟ်သားတွေပေါက် ပွားလာခဲ့ကာ ယာဉ်ပေါ်ကလူ တွေကို အန္တရာယ်ပေးပါတော့ တယ်။