မြေခွေးမလေးရဲ့ချစ်ခြင်းပုံပြင်



"မြေခွေးမလေးရဲ့ချစ်ခြင်းပုံပြင်" ၂၀၂၂

ဇာတ်လမ်းအကျဉ်းလေးကတော့
ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက
မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံဒုက္ခပေးလိုနေသတဲ့
နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး
အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ
မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို
ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။

စာသင်သားလေးဝမ်ဝိန်ဟာ မြိုတော်မှတော်ဝင်စာမေးပွဲဖြေဖိုသွားရင်း
ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။
ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့
မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်......

ဒီလိုနဲ့ချစ်သူမိန်းကလေးရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်။
ယာထိုလေးကတော့မိခင်ရဲ့နှိပ်စက်ခြင်းကိုခံရပါတော့တယ်။
ဘဝခြားတဲ့သူတိုရဲ့အချစ်ဇာတ်လမ်းလေးဟာ
ချိုမြိန်ခြင်းနဲ့အဆုံးသတ်မလား
ခါးသည်းမှုတွေနဲ့အဆုံးသတ်မလားဆိုတာကို
ရင်သတ်ရှုမောဖွယ်ကြည့်လိုက်ကြပါနော် ....