Bluebeard (2017)



Bluebeard (2017)

ဒေါက်တာဗြောင်းဆန်းဟွန်း တစ်ယောက် ငွေကြေးအခက်အခဲကြောင့်သူ့ဆေးခန်း ပိတ်သိမ်းလိုက်ရတဲ့အခါမှာတော့ အခြားပြည်နယ်တစ်ခုကဆေးရုံတစ်ခုမှာ ဆရာဝန်အနေနဲ့ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်အဲ့ဒီဒေသမှာနေထိုင်ဖိုအတွက် သားသတ်ဆိုင်တစ်ဆိုင်ရဲ့အပေါ်ထပ်မှာငှားရမ်းနေထိုင်ရင်း အောက်ထပ်က သားသတ်ဆိုင်ကလူတွေနဲ့လည်းတဖြည်းဖြည်း ပိုပိုပြီး ရင်းနှီးလာခဲ့တယ်သူသွားနေထိုင်ရတဲ့ ဒေသက မဖော်ထုတ်နိုင်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့နာမည်ကြီးတဲ့ ဒေသဖြစ်ပါတယ်တစ်နေ့မှာတော့ သူနေတဲ့နေရာနားတစ်ဝိုက်မှာ ဦးခေါင်းပြတ်အလောင်းတစ်လောင်း ရှာတွေ့ခဲ့ပါတယ်အမှတ်မထင်ပဲ ဒီအမှုက သူ့အောက်ထပ် သားသတ်ဆိုင်က သားအဖနှစ်ယောက်နဲ ပတ်သက်မှုရှိတာကို သိလာတဲ့ အချိန်မှာတော့ သူကိုယ်တိုင်လည်းအဲ့ဒီပတ်သက်မှုတွေကနေရုန်းထွက်နိုင်ဖိုကြိုးစားပြီး အမှုမှန်ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ တစ်နေ့မှာတော့ ဒေါက်တာဆန်းဟွန်းရဲ့ဇနီးပါ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်ဒီဇာတ်လမ်းလေးဟာ စိတ္တဇ ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်စိတ္တဇ လူသတ်သမားက သားသတ်ဆိုင်က သားအဖ ဆရာဝန်ကိုယ်တိုင်ပဲလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ရင်း အဖြေရှာကြပါစို