Dragon Rider [2020]



Dragon Rider [2020]


ဒီတစ်ခေါက်မှာတော့ စွန့်စားခန်းလေးတွေနဲ့စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ Dragon Riderဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတွေနဲ့နဂါးတွေကအတူတူယှဉ်တွဲနေထိုင်ခဲ့ကြတာပေါ့။ ဒါပေမဲ့လူသားတွေကလောဘကြီးလာပြီး ကမ္ဘာကြီးကိုသူတိုပဲသိမ်းပိုက်ဖိုကြိုးစားခဲ့ကြတယ်။

အဲဒီကနေနဂါးတွေနဲ့စစ်ကြေငြာပြီး နဂါးတွေကိုမျိုးဖြုတ်ခဲ့ကြတာပေါ့။ မျိုးဖြုတ်တဲ့နေရာမှာတောင် နဂါးသတ်မကောင်းဆိုးဝါး နတ်တယ်ဘရန်းဆိုတာကြီးကိုတီထွင်ပြီး နဂါးတွေကိုလိုက်အမဲလိုက်ခိုင်းခဲ့တာပါ။

အဲလိုကနေ နဂါးတွေကလူသားတွေနဲ့ဝေးရာမှာပုန်းကွယ်နေခဲ့ကြတော့တာပေါ့။ စကေးလ်ဆိုတော့ငွေနဂါးလေးကတော့ သာမန်နဂါးတွေလိုမဟုတ်ဘဲ လူတွေဆီကနေပုန်းကွယ်နေရတာကိုစိတ်ပျက်နေပြီး သူတိုမျိုးနွယ်တွေဘေးကင်းကင်းနေလိုရမဲ့နေရာတစ်ခုရှာပေးချင်တာပါ။

အဲလိုကနေ သူ့သူငယ်ချင်းလေးဆော်ရယ်နဲ့အတူ သူတိုနေတဲ့တောင်ကြားကနေထွက်လာပြီး လူသားလေးဘန်နဲ့အတူ "ကောင်းကင်ဘုံစက်ဝန်း"ဆိုတာကိုရှာပုံတော်ဖွင့်ခဲ့ကြပါတော့တယ်။