Fighting for the Motherland (2020)



Fighting for the Motherland (2020)
မြန်မာစာတန်းထိုး🌿🌿

ဒီဇာတ်ကားလေးကတော့ အမိမြေအတွက်ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကို လက်နက်ချအရှုးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာဖြစ်ပြီး ၁၁၆၂ ခုနှစ်မှာ တကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီးနယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ်

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အဲ့ဒီအချိန်မှာ နေထိုင်သူတို မနေသာဘဲ နေရာကွက်ကြားပုန်ကန်မှုတွေပေါ်ပေါက်လာပြီး တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ်

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ရှင်းချီကျီက ပညာတတ်စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာတခြားသူတွေလို တစ်နယ်ထဲမပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာတကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖိုကြိုးပမ်းပါတော့တယ်