Golden Doll (2016)



Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်
horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။
ဇာတ်လမ်းအညွှန်းလေးကတော့
ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ
ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ
မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို
မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။

ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း
သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲကနေပါ နှင်ထုတ်ပါတော့တယ်။
စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင်
တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ် ။

ဆရာမဖြစ်သူကလည်း တပည့်ဖြစ်သူ suicide လုပ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
တချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး စိတ်ချောက်ခြားနေတော့
သရဲခြောက်ခံရသလိုဖြစ်လာပါတယ် ။ ဒါနဲ့သူ့သူငယ်ချင်းကို
ပြောပြလိုက်တဲ့အချိန်မှာ သူငယ်ချင်းက ကုမန်ထိုလိုခေါ်တဲ့
ရွှေရောင်ရုပ်ထုလေးကို အိမ်မှာကိုးကွယ်ဖိုပြောလိုက်တဲ့အချိန်ကနေစပြီး
အိမ်မှာထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ် ။