Handsome Guys (2024)



Handsome Guys (2024)

ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

ဂျယ်ဖီးနဲ့ ဆန်းဂူတို ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို ညီအစ်ကိုနှစ်ယောက်ဟာ
ဥရောပစတိုင်အိမ်လေးမှာ နေဖို စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။
တစ်နေ့မှာ သူတို စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။
ဒါပေမဲ့ အိမ်အောက်မှာ သူတို မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို
အမှတ်မထင် နှိးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...
ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို
ကြောက်စရာလည်းကောင်းလိုဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့
ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။