Indrani: Epic-1 Dharam vs Karam ( 2024 ) ဇာတ်ကားသစ်



Indrani: Epic-1 Dharam vs Karam ( 2024 ) ဇာတ်ကားသစ်
“စူပါဂဲလ်အင်ဒရာနီ”
=============================

CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို သွေးတိုးစမ်းလာပါတယ်

သူတိုမှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလိုမရအောင် တားဆီးပေးတဲ့ Material တစ်ခုကို
အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို
အဲဒီ Material အကြောင်းသိဖိုလိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို
အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို
သိရှိသွားပါတော့တယ်..
ဒါပေမဲ့ သူတိုဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး
တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို သုတေသနကြီးဟာလည်း
သူတိုနဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို
ကာကွယ်ကယ်တင်ဖို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး
ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖိုဖြစ်လာပါတယ်..
လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့
ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn Lunn တိုပဲ ဖြစ်ပါတယ်