Jackpot (2024)



Jackpot (2024)
============
နာမည်ကျော် ကိုရီးယား Squid Game တို The hungover games တိုလို Fun ဂိမ်းတွေဆော့
သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက်
တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel
သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့
awkwafina တို အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြိုကို သရုပ်ဆောင်ဖြစ်ဖိုအတွက်
ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြိုမှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။
ဘာလိုလဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ
ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖိုလိုတာပေါ့။
ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြိုလုံးက
လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။
အဲ့လိုနဲ့ ပြေးကြရင်း သူတိုလို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး
ကော်မရှင်ယူတဲ့ ရှမ်းကြီးတိုတဲ့ LPA အဖွဲကိုရောက်သွားပါတယ်။
ဆိုတော့ သူတိုကရော ကာကွယ်ပေးနိုင်မှာလား ဘယ်လိုတွေကာကွယ်ပေးမှာလဲ
ကေတီရော သူ့ဆုငွေကိုထိန်းသိမ်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားရင်
ဇာတ်လမ်းလေးကို ဒေါင်းလုဒ်ကြည့်ရှုဖို ပြောချင်ပါတယ်ဗျ။