Latte and the Magic Waterstone (2020)



Latte and the Magic Waterstone (2020)

ဖြူကောင်လေးတွေကို တွေ့ဖူးကြလား..ဖြူကောင်လေးတွေက အထီးကျန်တဲ့ကောင်လေးတွေတဲ့..တခြားအကောင်လေးတွေလို အုပ်စုဖွဲနေလေ့မရှိဘဲ သီးခြားနေတတ်တဲ့သူတွေပေါ့

အဲ့ဒါကြောင့် အထီးကျန်တဲ့သူတွေကိုဆို ဖြူကောင်လေးတွေနဲ့ တင်စားလေ့ရှိကြတယ်..Latte ဆိုတဲ့ ဖြူမလေးကလည်း အဲ့လိုအထီးကျန်နေတဲ့သူပေါ့..မွေးကတည်းက တစ်ကောင်တည်းပဲရှိတာမို ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ သူ့အဖေကို တမ်းတရင်း တစ်ကောင်တည်းနေနေရတဲ့သူ..မိဘမရှိတဲ့ကလေးမလေးဆိုတော့ တောထဲမှာ တစ်ခုခုဖြစ်တိုင်း သူ့ကို အပြစ်တင်တတ်လွန်းလို သူ့ကိုယ်သူ Princess Latte ဆိုပြီး အားတင်းနေရတဲ့သူပါ

Latte တိုတောထဲမှာ နှစ်တိုင်းကြုံနေရတဲ့ ရေခမ်းခြောက်မှုကို ဖြေရှင်းဖိုတိရစ္ဆာန်လေးတွေဟာ ရေစုဆောင်းထားလေ့ရှိတယ်

တစ်ရက်မှာတော့ ဖြူကောင်မလေး Latte နဲ့ ရှဉ့်လေး Tjum ကြောင့် ရေတွေဖိတ်စင်သွားရတဲ့အခါ အားလုံးအကျပ်ရိုက်ပါလေရော

Princess Latte လေးက ပုံပြင်ဆန်တဲ့ WaterStone ဇာတ်လမ်းကို ယုံကြည်ပြီး အားလုံးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို ဝက်ဝံဘုရင်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်