လူဆိုတာ ချီးကျူးခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုပေမဲ့ အခုလို အင်တာနက်ခေတ်မှာ
လူတွေရဲ့ သတိထားမှုခံရရင် ပိုက်ဆံရပါတယ်။ ဒါပေမဲ့
သာမန်လူတစ်ယောက်ကနေ လူအများလေးစားအားကျတဲ့ လူတစ်ယောက် ဖြစ်သွားတဲ့အခါ.......
ရွှမင်ဟာ ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့လူတစ်ယောက် ဖြစ်ပါတယ်။
သူ့ဘဝတစ်ဝက်ကို လောင်းကစားလုပ်ရင်း အရက်သောက်ရင်း
ဆိုးသွမ်းလှည့်ဖြားရင်းနဲ့ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။
အဲဒါကြောင့် မိန်းမနဲ့သားရဲ့ အထင်သေးခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။
တစ်ရက်မှာ အရက်မူးနေတဲ့ ရွှမင်က မီးလောင်မှုတစ်ခုနဲ့ ကြုံခဲ့ပြီး
သူသတိရလာတဲ့ အချိန်မှာတော့ သူက မြိုကလေးမှာ
သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ လူတွေက သူ့ကို
မီးလောင်တဲ့အချိန် လူ ၆ ယောက်ကို ကယ်တင်ခဲ့တဲ့
သူရဲကောင်းလို ယုံကြည်နေကြပြီး နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။
ဒါပေမဲ့ ရွှမင်ကတော့ သူ့ကိုယ်သူ အတုမှန်း သိနေခဲ့ပါတယ်။
အစကတော့ သားနဲ့မယားကို အထင်ကြီးစေချင်လို သူရဲကောင်းအဖြစ်
လက်ခံခဲ့ပေမဲ့ လူတွေက ချီးကျူးလေ သူ့မှာ စိတ်မလုံလေ ဖြစ်နေပါတယ်။
နောက်ဆုံးမှာတော့ သူဟာ စိတ်ဒုက္ခဒဏ်ကို
မခံစားနိုင်တော့ဘဲ အမှန်တရားကို ထုတ်ဖော်ခဲ့ပါတယ်။
သူရဲကောင်းကြီးကနေ လူလိမ်ကြီး ဖြစ်သွားတဲ့အခါ