Pil (2021)



Pil (2021)

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို ထီးနန်းလွှပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖိုကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။
ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။
ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။