Ronggeng Kematian [2024]



Rong...geng Kema...tian [2024] အကမယ်
သဲထိတ်ရင်ဖိုဇာတ်ကားသစ်

IMDb-6.9/10

ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်

ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို အစပျိုးကာစအချိန်….။

အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖိုလာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက်အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှအားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။

တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက်
မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပိုခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လိုကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို
ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊
ဒီလိုနဲ့သူက အကအဖွဲခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖိုဖြစ်လာတယ်
အဲဒီအချိန်မှာပဲ သူတိုရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်….။

မြိုကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။
အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက……။

အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တိုပဲဖြစ်ပါတယ်