Shirensha ( 2023 )



Shirensha ( 2023 )

စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို
Channel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော်
ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလို
ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့်
နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ်
ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတိုနှစ်ယောက်နဲ့
အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက်
ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ်
ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့
သူတိုသူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။
အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。
ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင်
အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ်
အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီး
ထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေက
သန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖိုပဲ ဖြစ်ပါတယ်。。。
အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌
အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့
ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ
အသေးစိတ်ကြည့်ရှုလိုက်ပါနော်