Sorry About the Demon (2023)



Sorry About the Demon (2023)

 

သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံတုံအခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာနေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလိုပဲ ပြောပါရစေ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတိုကတော့ ချစ်သူစုံတွဲတွေပါ။လိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတိုနှစ်ယောက် လမ်းခွဲပြတ်စဲကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူးနေတဲ့ အိမ်ကြီးတစ်အိမ်မှာ ‌နေထိုင်ဖို အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလိုရမဲ့ ဝိညာဉ်တွေကို စုဆောင်းနေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။