The Gray Man (2022)



The Gray Man (2022)

နက်ဖလစ်ရဲ့ အက်ရှင်ကားကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂိုစလင်း၊ ခရစ်စ် အီဗန်တိုနှစ်ယောက်အပြင် No Time to die တို Bladerunner တိုထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို Love and Monsters တိုမှာ အရမ်းချစ်ဖိုကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂိုစလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျိုဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲအစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ။ သူတိုနှစ်ယောက် စိန်ပြေးတမ်းကစားကြရင်း တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါပဲ။