Veronica (2017)



Veronica (2017)
==================

ဖြစ်ရပ်မှန်သရဲကားမျိုးကြည့်ချင်တဲ့သူများရှိမလားမသိဘူး။ဖြစ်ရပ်မှန်သရဲဇာတ်လမ်းတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုသာလက်မလွတ်တမ်းကြည့်လိုက်ပါ။စပိန်နိုင်ငံ၊မက်ဒရစ်မြိုမှာ 1991၊ဇွန်လ ၂၅ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အမှုတွဲတစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို Horrorခန်းတွေလည်းအများအပြားပါဝင်တာမို Horrorပရိတ်တွေလည်းလက်မလွတ်သင့်ဇာတ်ကားမျိုးပါ။မက်ဒရစ်မြိုမှာ ဗာရိုနီကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့အဖေသေဆုံးပြီးနောက်ပိုင်း၊ အမေဖြစ်သူ အန်နာနဲ့ မွေးချင်သုံးယောက်ဖြစ်တဲ့ ညီကိုမောင်နှမတွေနဲ့အတူတူနေထိုင်ကြပါတယ်။
ဖခင်မရှိတဲ့နောက်ပိုင်း သားသမီးလေးယောက်ကိုရှာဖွေကျွေးနိုင်ဖို အမေဖြစ်သူမှာ နေ့မနားညမနား အိမ်တောင်မပြန်နိုင်ပဲစားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ရရှာပါတယ်။

ဒီတော့ မိသားစုရဲ့ကိစ္စရေးရာတွေက အကြီးဆုံးဖြစ်သူ ဗာရိုနီကာ အပေါ်ကျရောက်လာပါတော့တယ်။