Dunkirk (2017)



စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်
ရိုက်ပြထားတဲ့ ရုပ်ရှင်

Dunkirk (2017)
IMDB: 7.9/10

လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို စာအုပ်ဖတ်လို စကားအဖြစ်ပြောလိုပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုးတဲ့ဘက်ရော ကြားနေတဲ့အဖွဲရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။