Kill Shot (2023)



အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ
ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ
နယ်စပ်နားလောက်မှာ ပျက်ကျသွားရော။
အဲဒီမှာ စစ်သည်ကြေးစားတစ်သိုက်ဟာလည်း မုဆိုးယောင်ဆောင်ပြီး
ဒီပိုက်ဆံတွေကို လာရှာကြပါတော့တယ်။
ဂျက်ဆန်ဆိုတာက သမီးလေးကိုလည်း ဆုံးရှုးထားပြီး ဇနီးဖြစ်သူကပါ
ဖောက်ပြန်ကာ ငွေအခက်အခဲဖြစ်ပြီး ဘဝပျက်နေတဲ့ ကြုံရာ ကျပန်း
အလုပ်သမားတစ်ယောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဖောက်သည်
တစ်ယောက် တောင်ပေါ် အမဲလိုက်ချင်လို လမ်းပြလုပ်ပေးပါလား တောင်းဆိုတော့
လက်ခံလိုက်တဲ့အခါ ဖောက်သည်က ငယ်ငယ်ချောချော ကောင်မလေး
ဖြစ်နေပြီး နှစ်ယောက်တူတူ အမဲလိုက်ထွက်လာချိန် လေယာဉ်ပျက်ကျတဲ့နေရာက
ပိုက်ဆံတွေ တွေ့ကြပြီး ဘာဆက်ဖြစ်မလဲ