Revolver (2024)



အားလုံး စောင့်မျှော်‌ေနတဲ့မင်းသား Ji Chang Wook ရဲ့ ဇာတ်ကားသစ်

Revolver (2024)
IMDB: 7/10


စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့
အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။
ဒါပေမဲ့၂နှစ်ကြာလို ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့
အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့
ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကို
ရနိုင်ဖို လက်မရွံကြိုးစားပါတော့တယ်။
သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာ
သရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)က
ဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသော
အကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။

ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်း
ပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာ
ဘယ်လိုလက်စားချေသွားမလဲ...။
အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်း
နောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့
နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ
ကြည့်ရှုပေးပါဦးနော်။