The Crow (2024)



The Crow (2024)
==============

1994 မှာ Bruce Lee ရဲ့သား Brandon Lee သရုပ်ဆောင်ခဲ့တဲ့ “ The Crow “ ဟာ အောင်မြင်မှုတွေရရှိခဲ့ပြီး အခု နှစ် ၂၀ အကြာမှာ Reboot ကို
IT ရုပ်ရှင် ၂ ကားလုံးမှာ Penny Wise လုပ်ခဲ့တဲ့ Bill Skarsgård ရဲ့ ထိမိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပြန်ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအမြည်းကတော့ ပါတီပွဲတစ်ခုမှာရိုက်ခဲ့တဲ့ဗီဒီယိုဖိုင်ကို လက်ဝယ်သိမ်းထားတဲ့သူတွေကို မသမာသူအုပ်စုက အစဖျောက်ရာကနေစထားပြီး၊ လက်ဝယ်ရှိတဲ့ရှယ်လီတစ်ယောက် သူအသတ်မခံရအောင် ရဲဆီမှာ ဆေးမှုနဲ့အဖမ်းခံလိုက်ပြီး ဆေးဖြတ်စင်တာကိုရောက်သွားပါတယ်။ အဲဒီမှာ အဲရစ်နဲ့တွေ့ ချစ်ကျွမ်းဝင်မိရင်း အတူထွက်ပြေးကြပေမဲ့ သူတိုဆီ အိပ်မက်ဆိုးဟာ ရောက်လာခဲ့ပါတယ်။ ၂ ယောက်လုံးနောက်ဆုံးအချိန်ထိအတူရှိခဲ့ကြပေမဲ့ အငြိုးကြီးတဲ့ အဲရစ် မတောင်းဘဲပြည့်တဲ့ဆုအနေနဲ့ အသက်ပြန်ရှင်ပြီး သူတိုကို သတ်ခဲ့တဲ့လူတွေကို ပြန်ရှာသတ်ဖို ဖြစ်လာခဲ့ပါတယ်။ အဲရစ် သဘာဝလွန်စွမ်းအားတွေနဲ့ ဘယ်လိုတိုက်ခိုက်မလဲ။ ရှယ်လီ့မှာရှိတဲ့ဗီဒီယိုကရော ဘာလဲဆိုတာ ဆက်လက်ကြည့်ရှုရင်း……