Twister(2024)



လေဆင်နှာမောင်း ရုံတင်ဇာတ်ကားအသစ်ကြီး 🌪🌪

➪➪➪➪➪➪➪➪➪➪➪➪➪➪

Twister(2024)

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။
IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။
“ဇာတ်လမ်းအကျဉ်း”ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုးလိုက်ရလို နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖိုကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။